ဈေးကွက်ဈေးနှုန်း

တိုင်းဧရာ ငရုတ်ဈေးကွက်အခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်၊မြောင်းမြခရိုင်ရှိအချို့မြို့နယ်များနှင့် မအူပင် ခရိုင်များတွင် အများဆုံးစိုက်ပျိုးခဲ့ကြသော်လည်း ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ် ဒေသဖြစ်သဖြင့် မိုးရာသီတွင် မိုးများခြင်း၊ မြစ်ရေကြီးမှုများကြောင့် စီးပွားဖြစ် ငရုတ်စိုက်ပျိုးမှုကို ရပ်နားခဲ့ကာ  စက်တင်ဘာလမှစ၍ မျိုးစုဆောင်းပြီး အောက်တိုဘာလတွင် ပျိုးထောင်စိုက်ပျိုး မှုများပြုလုပ်ကြသည်။

ယခုမိုးရာသီကာလတွင် ဟင်္သာတခရိုင်ရှိ အချို့မြို့နယ်များတွင် မိုးထောင်ငရုတ်များကို စားသုံးရန်အတွက် စိုက်ပျိုးပြီး ဒေသတွင်းစားသုံးရန်လိုအပ်ချက်အရ ငရုတ်သီးစိမ်းများကို ရန်ကုန်ပွဲရုံများ မှလက်လီ(၂၅၀ဝိ/-)၊ လက်ကား(၂၀၀ဝိ/-)ဈေးဖြင့် ဝယ်ယူသုံးစွဲနေရပါသည်။

ယခုလက်ရှိတွင် ငရုတ်သီးခြောက်အနေဖြင့် လက်လီ(၄၀၀ဝိ/-)၊ လက်ကား(၃၈၀ဝိ/-)ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။တောင်သူများ၏ လက်ဝယ်တွင် နောက်ဆုံးခူးဆွတ်ပြီး အခြောက်လှန်းထားသော ငရုတ်ခြောက်များသာ လက်ကျန်ရှိပြီး ၎င်းကျန်ရှိသော ငရုတ်ခြောက် များကို ငရုတ်ပွဲရုံ သို့ ရောင်းချလျက်ရှိသည်။

ငရုတ်သီးများကို နှစ်ဦးပိုင်းကာလတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့‌သော်လည်း COVIDA –19ဖြစ်စဉ်နှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ်မူတည်၍ ဈေးနှုန်းကျဆင်းနေပြီး ဆက်လက်၍ လာမည့်ငရုတ်သီးထွက်ရှိချိန်တွင် စင်္ကာပူနိုင်ငံသို့တင်ပို့ရန်ကြိုစားလျက်ရှိကြောင်း သိရှိရပြီး၊ ယခုလက်ရှိအချိန်တွင်   ငရုတ်ဈေးကွက်အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန